အခြား ပရဟိတ ဆောင်ရွက်ချက်များ
မေတ္တာရှင်အသင်း (တောင်ကြီး)သည် နာမှုကူညီရေးလုပ်ငန်းများ၊ မေတ္တာရှင် ကုသိုလ်ဖြစ်ဆေးခန်း (တောင်ကြီး)ကို ဖွင့်လှစ်ကာ ဆေးကုသပေးခြင်း လုပ်ငန်းများ၊ မေတ္တာရှင် ပညာရေးဖောင်ဒေးရှင်း (တောင်ကြီး) ကို တည်ထောင်ကာ ကျောင်းသား/ကျောင်းသူများအား ပညာရေးထောက်ပံ့ခြင်း လုပ်ငန်းများနှင့် မေတ္တာရှင် ကုသိုလ်ဖြစ်ဆေးရုံ (တောင်ကြီး)ကို ဖွင့်လှစ်ကာ မျက်စိရောဂါများ၊ မွေးရာပါနှုတ်ခမ်းကွဲ/ အာခေါင်ကွဲ ရောဂါများ၊ အခြားသော ခွဲစိတ်ရောဂါများ၊ ဆေးကုသမှုရောဂါများ၊ သားဖွားနှင့်မီးယပ် ဆိုင်ရာရောဂါများ၊ ကလေးရောဂါများ၊ သွားနှင့်ခံတွင်းရောဂါများကို ကုသပေးလျက် ရှိသည့်အပြင် အောက်ဖော်ပြပါ အခြားသော ပရဟိတ လုပ်ငန်းများကိုလည်း လိုအပ်သလို ဆောင်ရွက်ပေးလျက် ရှိပါသည်-
(က) သဘာဝဘေးအန္တရာယ် (ရေဘေး၊ မီးဘေး၊ လေဘေး၊ ငလျင်ဘေး) ကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များအား ကူညီထောက်ပံ့ စောင့်ရှောက်သည့် လုပ်ငန်းများ။
(ခ) သောက်သုံးရေရရှိရေး ဆောင်ရွက်ခြင်း လုပ်ငန်းများ။
(ဂ) မေတ္တာရှင် သွေးလှူရှင်အဖွဲ့ ဖွဲ့စည်းကာ သွေးလှူဒါန်းခြင်းများ။
(ဃ) အောက်ဆီဂျင် လိုအပ်သော လူနာများအား အောက်ဆီဂျင်အိုးများ လှူဒါန်းခြင်း လုပ်ငန်းများ။
(င) သက်ကြီးရွယ်အို ဘိုးဘွားများအား ဘိုးဘွားကန်တော့ပွဲများ ကျင်းပ၍ အလှူငွေနှင့် ဝတ္ထု ပစ္စည်းများ လှူဒါန်းခြင်း။
(စ) ထေရဝါဒ တရားတော်နှင့်အညီ ဓမ္မပူဇာသဘင်များကျင်းပခြင်း။