Just open a Bet365 account today and make a deposit http://abonuscode.co.uk Make a deposit of £10-£200 and then enter the 10-digit bonus code
သံဃာ့ သြဝါဒခံ
မေတ္တာရှင် နာမှုကူညီရေးအသင်းနှင့် ကုသိုလ်ဖြစ် (အခမဲ့)ဆေးခန်း (တောင်ကြီး)
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း
အမည်
ဤစည်းမျဉ်းများကို မေတ္တာရှင် နာမှုကူညီရေးအသင်းနှင့် ကုသိုလ်ဖြစ် (အခမဲ့)ဆေးခန်း (တောင်ကြီး) ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ဟုခေါ်တွင်စေရမည်။
အဓိပ္ပာယ်ဖော်ပြချက်
ဤစည်းမျဉ်းများတွင်ပါရှိသောအောက်ပါစကားရပ်များသည် ဖော်ပြပါအဓိပ္ပာယ်သက်ရောက်စေရမည်။
- မေတ္တာရှင်အသင်း (တောင်ကြီး) ဆိုသည်မှာ မေတ္တာရှင် နာမှုကူညီရေးအသင်းနှင့် ကုသိုလ်ဖြစ် (အခမဲ့)ဆေးခန်း (တောင်ကြီး) ကို ဆိုလိုသည်။
- မေတ္တာရှင် နာမှုကူညီရေး အသင်းနှင့် ကုသိုလ်ဖြစ် (အခမဲ့)ဆေးခန်း (တောင်ကြီး) အသင်းဆိုသည်မှာ မေတ္တာရှင်အသင်း (တောင်ကြီး) ကို ဆိုလိုသည်။
- သြဝါဒစရိယ အဖွဲ့ဆိုသည်မှာ အသင်း၏ သြဝါဒစရိယ ဆရာတော်ကြီးများအဖွဲ့ကို ဆိုလိုသည်။
- ဦးစီးပဓာန နာယက ဆရာတော်ဆိုသည်မှာ အသင်း၏တိုးတက်အောင်မြင်ရေးအတွက် အနီးကပ် ကြီးကြပ်ညွှန်ကြားသည့် ဆရာတော်ကိုဆိုလိုသည်။
- နာယကအဖွဲ့ဆိုသည်မှာ အသင်း၏ နာယကအဖွဲ့ကိုဆိုလိုသည်။
- အလုပ်အမှုဆောင်အဖွဲ့ဆိုသည်မှာ မေတ္တာရှင်အသင်း (တောင်ကြီး) နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးက ရွေးကောက် တင်မြောက်ပေးသည့် အလုပ်အမှုဆောင်အဖွဲ့ကို ဆိုလိုသည်။
တည်နေရာ
- မေတ္တာရှင်အသင်း (တောင်ကြီး) ၏ တည်နေရာသည် တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ အနောက် မြို့ပတ်လမ်းရှိ နဂါးပွက် ပရိယတ္တိ စာသင်တိုက်တွင် တည်ရှိရမည်။
- နောင်တွင်မေတ္တာရှင်ကုသိုလ်ဖြစ် (အခမဲ့) ဆေးရုံတည်ဆောက်ပြီး၍ ဆေးကုသမှုလုပ်ငန်းများ စတင် ဆောင်ရွက်လျှင် အသင်းနှင့် ကုသိုလ်ဖြစ် (အခမဲ့) ဆေးရုံ၏ တည်နေရာသည် တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ နယ်မြေ(၂) ၊မြေကွက်အမှတ် (၃ဝ)၊ ဦးပိုင်အမှတ် (၄) တွင် တည်ရှိစေရမည်၊ ဆေးခန်းသည် စည်းမျဉ်း (၃) အတိုင်း တည်ရှိရမည်။