• 59539571 164812891190476 7522030564858134528 n
  • DSC 0019
  • banner001
  • banner002
Just open a Bet365 account today and make a deposit http://abonuscode.co.uk Make a deposit of £10-£200 and then enter the 10-digit bonus code

သံဃာ့ သြဝါဒခံ
မေတ္တာရှင် နာမှုကူညီရေးအသင်းနှင့် ကုသိုလ်ဖြစ် (အခမဲ့)ဆေးခန်း (တောင်ကြီး)
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း

အမည်

ဤစည်းမျဉ်းများကို မေတ္တာရှင် နာမှုကူညီရေးအသင်းနှင့် ကုသိုလ်ဖြစ် (အခမဲ့)ဆေးခန်း (တောင်ကြီး) ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ဟုခေါ်တွင်စေရမည်။

အဓိပ္ပာယ်ဖော်ပြချက်

ဤစည်းမျဉ်းများတွင်ပါရှိသောအောက်ပါစကားရပ်များသည် ဖော်ပြပါအဓိပ္ပာယ်သက်ရောက်စေရမည်။

  1. မေတ္တာရှင်အသင်း (တောင်ကြီး) ဆိုသည်မှာ မေတ္တာရှင် နာမှုကူညီရေးအသင်းနှင့် ကုသိုလ်ဖြစ် (အခမဲ့)ဆေးခန်း (တောင်ကြီး) ကို ဆိုလိုသည်။
  2. မေတ္တာရှင် နာမှုကူညီရေး အသင်းနှင့် ကုသိုလ်ဖြစ် (အခမဲ့)ဆေးခန်း (တောင်ကြီး) အသင်းဆိုသည်မှာ မေတ္တာရှင်အသင်း (တောင်ကြီး) ကို ဆိုလိုသည်။
  3. သြဝါဒစရိယ အဖွဲ့ဆိုသည်မှာ အသင်း၏ သြဝါဒစရိယ ဆရာတော်ကြီးများအဖွဲ့ကို ဆိုလိုသည်။
  4. ဦးစီးပဓာန နာယက ဆရာတော်ဆိုသည်မှာ အသင်း၏တိုးတက်အောင်မြင်ရေးအတွက် အနီးကပ် ကြီးကြပ်ညွှန်ကြားသည့် ဆရာတော်ကိုဆိုလိုသည်။
  5. နာယကအဖွဲ့ဆိုသည်မှာ အသင်း၏ နာယကအဖွဲ့ကိုဆိုလိုသည်။
  6. အလုပ်အမှုဆောင်အဖွဲ့ဆိုသည်မှာ မေတ္တာရှင်အသင်း (တောင်ကြီး) နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးက ရွေးကောက် တင်မြောက်ပေးသည့် အလုပ်အမှုဆောင်အဖွဲ့ကို ဆိုလိုသည်။

တည်နေရာ

  1. မေတ္တာရှင်အသင်း (တောင်ကြီး) ၏ တည်နေရာသည် တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ အနောက် မြို့ပတ်လမ်းရှိ နဂါးပွက် ပရိယတ္တိ စာသင်တိုက်တွင် တည်ရှိရမည်။
  2. နောင်တွင်မေတ္တာရှင်ကုသိုလ်ဖြစ် (အခမဲ့) ဆေးရုံတည်ဆောက်ပြီး၍ ဆေးကုသမှုလုပ်ငန်းများ စတင် ဆောင်ရွက်လျှင် အသင်းနှင့် ကုသိုလ်ဖြစ် (အခမဲ့) ဆေးရုံ၏ တည်နေရာသည် တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ နယ်မြေ(၂) ၊မြေကွက်အမှတ် (၃ဝ)၊ ဦးပိုင်အမှတ် (၄) တွင် တည်ရှိစေရမည်၊ ဆေးခန်းသည် စည်းမျဉ်း (၃) အတိုင်း တည်ရှိရမည်။