• 59539571 164812891190476 7522030564858134528 n
  • DSC 0019
  • banner001
  • banner002
Just open a Bet365 account today and make a deposit http://abonuscode.co.uk Make a deposit of £10-£200 and then enter the 10-digit bonus code

မေတ္တာရှင်ပညာရေး ဖောင်ဒေးရှင်း (တောင်ကြီး)

education 01
education 02
education 03
education 04
education 05
education 06
education 07
education 08
education 09
education 10
education 11
education 12
education 13
education 14

အမည်

၁။    မေတ္တာရှင် ပညာရေးဖောင်ဒေးရှင်း (တောင်ကြီး)

တည်နေရာ

၂။    နဂါးပွက် ပရိယတ္တိစာသင်တိုက်၊ အနောက်မြို့ ပတ်လမ်း၊ ချမ်းမြသာစည်ရပ်ကွက်၊ တောင်ကြီးမြို့။

ရည်ရွယ်ချက်

၃။    မေတ္တာရှင်ပညာရေးဖောင်ဒေးရှင်း(တောင်ကြီး)မှ အောက်ပါတက္ကသိုလ်တစ်ခုခုတွင်ချို့တဲ့နွမ်းပါး၍ ပညာသင်ကြားရန်မပြည့်စုံသော ကျောင်းသား/ကျောင်းသူများအား ကျောင်းပြီးမြောက်သည့်တိုင်အောင် နှစ်စဉ်ပညာသင်စရိတ်ထောက်ပံ့ပေးရန်-

  • (က)    ဆေးတက္ကသိုလ်။
  • (ခ)    သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်။
  • (ဂ)    သူနာပြုတက္ကသိုလ်။
  • (ဃ)    ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်။
  • (င)    ပညာရေးတက္ကသိုလ်။

စတင်ဖွဲ့စည်းပေါ်ပေါက်လာပုံ

၄။    ၂၀၁၃ ခုနှစ် မှစ၍ မကွေးဆေးတက္ကသိုလ်ကျောင်းသားများဖြစ်ကြသော (၁)စိုင်းကျော်ဇင်လတ်၊ (၂) စိုင်းနေမင်းသူရ နှင့် (၃) မသိမ့်သိမ့်ထွေးတို့အား စတင်ထောက်ပံ့ပေးခဲ့ပါသည်။
၂၀၁၆ ခုနှစ်အထိ ပညာသင်ထောက်ပံ့ပေးမှုအခြေအနေများမှာ-

(က) မကွေးဆေးတက္ကသိုလ် ကျောင်းသား/ကျောင်းသူ (၈) ဦး
(ခ) မန္တလေးဆေးတက္ကသိုလ် ကျောင်းသား/ကျောင်းသူ (၁) ဦး
(ဂ) တောင်ကြီးဆေးတက္ကသိုလ် ကျောင်းသား/ကျောင်းသူ (၁) ဦး
(ဃ) မန္တလေးသူနာပြုတက္ကသိုလ် ကျောင်းသား/ကျောင်းသူ (၁) ဦး နှင့်
(င)  မန္တလေးဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ကျောင်းသား/ကျောင်းသူ (၁) ဦးတို့ဖြစ်ပါသည်။

စည်းကမ်းသတ်မှတ်ချက်များ

၅။    စာမေးပွဲကျရှုံးပါက ပညာသင်စရိတ်ထောက်ပံ့ခြင်း ရပ်ဆိုင်းပါသည်။

၆။    အသင်းဖွဲ့စည်းခြင်း။    မေတ္တာရှင်ပညာရေးဖောင်ဒေးရှင်း အသင်း (တောင်ကြီး)၏ လုပ်ငန်းများကို စိတ်ပါဝင်စားသူများနှင့် ဖွဲ့စည်းရမည်။ အသင်း၏လုပ်ငန်းများကို အောက်ပါ အဖွဲ့အစည်းများဖြင့် စီမံခန့်ခွဲ ဆောင်ရွက်ရမည်-

  • (က)    သြဝါဒစရိယဆရာတော်ကြီးများအဖွဲ့။
  • (ခ)    ဦးစီးပဓာန နာယကဆရာတော်။
  • (ဂ)    နာယကအဖွဲ့။
  • (ဃ)    အလုပ်အမှုဆောင်အဖွဲ့။

၇။    သြဝါဒစရိယဆရာတော်ကြီးများအဖွဲ့ ဖွဲ့စည်းခြင်း၊ သက်တမ်းနှင့်သြဝါဒခံယူခြင်း။    သြဝါဒစရိယ ဆရာတော်ကြီးများအဖွဲ့ကို နိုင်ငံတော်နှင့် အများပြည်သူတို့ ကြည်ညိုလေးစားသောဆရာတော်ကြီးများဖြင့် ဖွဲ့စည်းရမည်။ သြဝါဒစရိယဆရာတော်ကြီးများအဖွဲ့ကို အဖွဲ့ဝင် (၉) ပါးဖြင့်ဖွဲ့စည်းရမည်။ ထို့အပြင် အချိန်အခါအရ ပြုပြင်ပြောင်းလဲလာသည့်အခြေအနေပေါ်မူတည်၍ သြဝါဒစရိယဆရာတော်ကြီးများအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းနိုင်သည်။

၈။    သြဝါဒစရိယဆရာတော်ကြီးများ၏သက်တမ်း ကန့်သတ်ချက်မရှိစေရ။ ဆရာတော်ကြီးများ၏ဆန္ဒ အတိုင်းဖြစ်စေရမည်။

၉။    သြဝါဒစရိယဆရာတော်ကြီးများ ထံမှအနည်းဆုံး (၁)နှစ်လျှင် (၁)ကြိမ်သြဝါဒ ခံယူရမည်။ သြဝါဒစရိယ ဆရာတော်ကြီးများ၏ သြဝါဒ မိန့်ကြားချက်များကို ဦးစီးပဓာန နာယကဆရာတော်၊ နာယကအဖွဲ့နှင့် အလုပ် အမှုဆောင်အဖွဲ့က လိုက်နာဆောင်ရွက်ရမည်။

၁၀။    ဦးစီးပဓာန နာယကဆရာတော်တင်မြောက်ခြင်း၊ သက်တမ်းနှင့်ညွှန်ကြားမှုပေးခြင်း။       အသင်း၏ လုပ်ငန်းများကို စိတ်ပါဝင်စားပြီး အသင်းတိုးတက်အောင်မြင်ရေးအတွက် အဘက်ဘက်ကကူညီဆောင်ရွက် ပေးလျက် အနီးကပ်ကြီးကြပ်ပေးနိုင်သောဆရာတော်အား ဦးစီးပဓာန နာယကဆရာတော်အဖြစ် တင်မြောက်ရမည်။

၁၁။    ဦးစီးပဓာန နာယကဆရာတော်၏သက်တမ်း ကန့်သတ်ချက်မရှိစေရ။ ဆရာတော်၏ဆန္ဒအတိုင်း ဖြစ်စေရမည်။

၁၂။    ဦးစီးပဓာန နာယကဆရာတော်သည် အသင်းတိုးတက်အောင်မြင်စေရေးအတွက် နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့အား မှန်ကန်ကောင်းမွန်သောလမ်းညွှန်ချက်များချမှတ်ပေးပြီး ဆောင်ရွက်စေရမည်။

၁၃။    ဦးစီးပဓာန နာယကဆရာတော်သည် အလုပ်အမှုဆောင်အဖွဲ့၏လစဉ်ပုံမှန်အစည်းအဝေး၊ အထူး အရေးပေါ်အစည်းအဝေးများနှင့် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးများတွင် တက်ရောက်၍ အသင်း၏လုပ်ငန်းများတိုးတက်အောင်မြင်စေရေးအတွက် လိုအပ်သည်များကို ညွှန်ကြားတာဝန်ပေးအပ်ရ မည်။

၁၄။    နာယကအဖွဲ့ ဖွဲ့စည်းခြင်း၊ သက်တမ်းနှင့် တာဝန် ။        နာယကအဖွဲ့ကို ဦးစီးပဓာန နာယက ဆရာတော်နှင့်အလုပ်အမှုဆောင်အဖွဲ့တို့က အသင်းဝင်များထဲမှသင့်လျော်သူများအားရွေးချယ် ဆန္ဒပြု၍ သြဝါဒစရိယဆရာတော်ကြီးများထံ တင်ပြလျှောက်ထားပြီး နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးတွင် အတည်ပြုချက်ရယူဖွဲ့စည်းရမည်။

၁၅။    နာယကအဖွဲ့ကို အဖွဲ့ဝင်(၇)ဦး (သို့မဟုတ်) (၉)ဦးဖြင့် ဖွဲ့စည်းရမည်။ နာယက၏သက်တမ်း သတ်မှတ်ချက်မရှိစေရ။

၁၆။    နာယကတစ်ဦးသည် ကျန်းမာရေးအရသော်လည်းကောင်း၊ တာဝန်ကိုမထမ်းဆောင်နိုင်တော့လျှင် သော်လည်းကောင်း၊ ၄င်း၏ဆန္ဒအရ နှုတ်ထွက်စာတင်ပြတောင်းခံပါက အနီးစပ်ဆုံးအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ အတွင်းရေးမှူးမှတင်ပြလျှင် နှုတ်ထွက်ခွင့်ပြုရမည်။

၁၇။    လစ်လပ်နေသောနာယကနေရာတွင် စည်းမျဉ်း(၁၃)အတိုင်းအတည်ပြုချက်ရယူ၍ အစားထိုးဖြည့် စွက်ဖွဲ့စည်းရမည်။

၁၈။    နာယကများသည် အသင်း၏အစည်းအဝေးများသို့တက်ရောက်ရမည်။ နာယကများသည် အလုပ်အမှုဆောင်အဖွဲ့အား အသင်းတိုးတက်အောင်မြင်စေရေးအတွက် မှန်ကန်ကောင်းမွန်သောနည်း လမ်းများချမှတ်ဆောင်ရွက်စေရမည်။

၁၉။    အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်တင်မြောက်ခြင်း၊ သက်တမ်းနှင့် တာဝန် ။          အလုပ်အမှု ဆောင်အဖွဲ့ကို နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးတွင် အသင်းသားအများစုကရွေးကောက်တင် မြောက်တာဝန်ပေးအပ်သောပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။ အလုပ်အမှုဆောင်အဖွဲ့အရေအတွက်ကို (၂၁)ဦးထက်မနည်း၊ (၂၇)ဦးထက်မများသောအရေအတွက် ထားရှိဖွဲ့စည်းရမည်။

၂၀။    ရွေးကောက်တင်မြောက်ခြင်း ခံရသော အလုပ်အမှုဆောင်အဖွဲ့များထဲမှပုဂ္ဂိုလ်များအား အလုပ်အမှု ဆောင်များ၏ ဆန္ဒဖြင့် အောက်ပါတာဝန်များအတွက် ရွေးချယ်ဖွဲ့စည်း တာဝန်ပေးအပ်ရမည်-

(က) ဥက္ကဌ (၁) ဦး
(ခ) ဒုဥက္ကဌ (၂) ဦး
(ဂ) အတွင်းရေးမှူး (၁) ဦး
(ဃ) တွဲဘက်အတွင်းရေးမှူး (၂) ဦး
(င) ဘဏ္ဍာရေးမှူး (၁) ဦး
(စ) တွဲဘက်ဘဏ္ဍာရေးမှူး (၂) ဦး
(ဆ) စာရင်းစစ် (ငွေစာရင်း) (၃) ဦး
(ဇ) စာရင်းစစ်(ပစ္စည်း) (၃) ဦး
(ဈ) အဖွဲ့ဝင် (၆) ဦး  (သို့) (၈) ဦး၊ (သို့) (၁၀) ဦး၊ (သို့) (၁၂) ဦး
  ပေါင်း (၂၁) ဦး

၂၁။    အလုပ်အမှုဆောင်အဖွဲ့၏သက်တမ်းကို (၅) နှစ် သတ်မှတ်သည်။

၂၂။    အလုပ်အမှုဆောင်အဖွဲ့သည် ဖော်ပြပါအထောက်အကူပြုကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်နိုင် သည်-

  • (က)    စီမံခန့်ခွဲရေးကော်မတီ။
  • (ခ)    စည်းရုံးရေးနှင့်ပညာပေးပို့ချရေးကော်မတီ။
  • (ဂ)    စာရိတ္တမြင့်မားရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ။
  • (ဃ)    အသင်း၏လုပ်ငန်းတိုးချဲ့အကောင်အထည်ဖော်ရေးကော်မတီ။
  • (င)    ဘဏ္ဍာငွေရှာဖွေရေးနှင့်သုံးစွဲရေးကော်မတီ။
  • (စ)    ပြည်တွင်း/ပြည်ပ ဆက်သွယ်ရေးနှင့်ပြန်ကြားရေးကော်မတီ။

နာယကအဖွဲ့၊ အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်၏ အရည်အချင်း

၂၃။    နာယကအဖွဲ့။    နာယကအဖွဲ့အဆင့်ဆင့်သည် ဖော်ပြပါအရည်အချင်းများနှင့်ပြည့်စုံရမည်-

  • (က)    သာမာန်အားဖြင့်အသက်(၅၅)နှစ်ထက်မငယ်သူ၊ အသက်(၈၀)နှစ်ထက်မကြီးသူဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်ခြင်း၊ အသက်(၈၀)နှစ်ထက်ကြီးသူဖြစ်လျှင် ကျန်းမာရေး ကောင်းမွန်ပြီး အသိ-သတိကောင်းမွန်သူဖြစ်ခြင်း။
  • (ခ)    ကိုယ်ကျင့်သီလကောင်းမွန်သူဖြစ်ခြင်း။
  • (ဂ)    ငွေရေးကြေးရေးနှင့်လူမှုရေးကိစ္စများတွင် အရှုပ်အရှင်းကင်းသူဖြစ်ခြင်း။
  • (ဃ)    ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းများတွင် နာမည်ပျက်စာရင်းမရှိသူဖြစ်ခြင်း။
  • (င)    နိုင်ငံရေးကင်းရှင်းသူဖြစ်ခြင်း။
  • (စ)    မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းဝယ်မှု ကင်းရှင်းသူဖြစ်ခြင်း။

၂၄။    အလုပ်အမှုဆောင်အဖွဲ့။        အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်သည် ဖော်ပြပါအရည်အချင်း များနှင့် ပြည့်စုံရမည်-

  • (က)    သာမာန်အားဖြင့်အသက်(၃၀)နှစ်ထက်မငယ်သူ၊ အသက်(၇၅)နှစ်ထက်မကြီးသူဖြစ်ပြီး  ကျန်းမာရေးကောင်းမွန်သူဖြစ်ခြင်း၊ အသက်(၇၅)နှစ်ထက်ကြီးသူဖြစ်လျှင် ကျန်းမာရေး ကောင်းမွန်ပြီး စီမံခန့် ခွဲရေးလုပ်ငန်းများကို သတိကောင်းမွန်စွာဖြင့် စီမံခန့်ခွဲနိုင်သူဖြစ်ခြင်း။
  • (ခ)    ကိုယ်ကျင့်သီလကောင်းမွန်သူဖြစ်ခြင်း။
  • (ဂ)    ငွေရေးကြေးရေးနှင့်လူမှုရေးကိစ္စများတွင် အရှုပ်အရှင်းကင်းသူဖြစ်ခြင်း။
  • (ဃ)    ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းများတွင် နာမည်ပျက်စာရင်းမရှိသူဖြစ်ခြင်း။
  • (င)    နိုင်ငံရေးကင်းရှင်းသူဖြစ်ခြင်း။
  • (စ)    မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းဝယ်မှု ကင်းရှင်းသူဖြစ်ခြင်း။

အသင်းဝင်များ၏အရည်အချင်း၊ အသင်းဝင်အဖြစ်လျှောက်ထားခြင်း၊ အသင်းဝင်အဖြစ်မှရပ်စဲခြင်း

၂၅။    အသင်းဝင်များ၏အရည်အချင်း။    အသင်းဝင်များ၏အရည်အချင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

  • (က)    အသင်းဝင်များသည် မြန်မာနိုင်ငံသားဖြစ်ပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူဖြစ်ရ မည်။
  • (ခ)    အသက်(၁၈)နှစ်ပြည့်ပြီးသူ အမျိုးသား၊ အမျိုးသမီး ဖြစ်ရမည်။
  • (ဂ)    အသင်းဝင်များ နိုင်ငံရေးကင်းရှင်းသူ ဖြစ်ရမည်။
  • (ဃ)    အသင်း၏တိုးတက်ရေးကို စိတ်အားထက်သန်စွာဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
  • (င)    အကျင်းစာရိတ္တကောင်းမွန်၍ ကိုယ်ကျင့်သိက္ခာနှင့်သီလ၊ သမာဓိတို့ကို ထိန်းသိမ်းနိုင်သူ ဖြစ်ရမည်။
  • (စ)    အတ္တဟိတနှင့် ပရဟိတတို့ကို မျှတစွာ ဆောင်ရွက်နိုင်သူဖြစ်ပြီး အသင်းမှလိုအပ်လာလျှင် မိမိကိုယ်ကျိုးထက်၊ အသင်း၏ကောင်းကျိုးကို ဦးစားပေးဆောင်ရွက်နိုင်သူဖြစ်ရမည်။
  • (ဆ)    အသင်းဝင်ဦးရေတိုးတက်ရေးအတွက် ဦးဆောင်မှုပြု၍ ကြိုးပမ်းဆောင်ရွက်ရမည်။
  • (ဇ)    အသင်းဝင်များသည် အသင်းတိုးတက်ရေးအတွက် ဦးဆောင်မှုပြု၍ မိမိတို့၏စေတနာ အလျှောက် လစဉ်အလှူငွေများ ထည့်ဝင်လှူဒါန်းရမည်။
  • (ဈ)    ကူးစက်ရောဂါရှိသူများနှင့်ရူးသွတ်သူများ မဖြစ်စေရ။
  • (ည)    သက်ရှိသတ္တဝါများကိုရောင်းဝယ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းသူ မဖြစ်စေရ။
  • (ဋ)    အသားရောင်းဝယ်ပြုလုပ်သူ မဖြစ်စေရ။
  • (ဌ)    မူးယစ်စေတတ်သော ဘိန်း၊ ဘင်း၊ ဘိန်းဖြူ၊ ရာမနှင့် မူးယစ်စေတတ်သောဆေးတစ်မျိုးမျိုး ပါသည်ဟုဆေးဖော်မြူလာတွင်ဖော်ပြထားသည့် ဆေးဝါးတစ်မျိုးမျိုးကို အရောင်းဝယ်ပြု လုပ်နေသောသူ မဖြစ်စေရ။
  • (ဍ)    လူကုန်ကူးသူ မဖြစ်စေရ။
  • (ဎ)    ငွေရေးကြေးရေးနှင့် လူမှုရေးကိစ္စများတွင် ရှုပ်ထွေးပွေလီသူ မဖြစ်စေရ။
  • (ဏ)    ဘာသာရေးအဖွဲ့အစည်းများတွင် နာမည်ပျက်စာရင်းရှိသူ မဖြစ်စေရ။ ကျော်ဇောသတင်း ရှိသူ မဖြစ်စေရ။
  • (တ)    မှန်ကန်သောရည်မှန်းချက်များဖြင့် ရှေ့ဆောင်မှုကို ခံယူရမည်။
  • (ထ)    ဆင်းရဲသားများအား ကူညီစောင့်ရှောက်ပေးလိုသော ဆန္ဒရှိရမည်ဖြစ်၍ ဤအသင်း၏ စည်းကမ်းများအရ နေထိုင်လုပ်ကိုင်သွားရမည်။
  • (ဒ)    အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် စိတ်ရောကိုယ်ပါ ကြံ့ခိုင်သန်စွမ်းရမည်။
  • (ဓ)    ပညာဗဟုသုတရှာမှီးရမည်။ အရာရာတွင် နေသားတကျစည်းကမ်းရှိစွာဖြင့် တက်ကြွမှုရှိရ မည်။ မှန်ကန်ထိရောက်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်စွမ်းရှိရမည်။

၂၆။    အသင်းဝင်အဖြစ်လျှောက်ထားခြင်း။    အသင်းဝင်အဖြစ်လျှောက်ထားသူသည် ဖော်ပြပါနည်း လမ်းများဖြင့် အသင်းဝင်အဖြစ် လျှောက်ထားရမည်-

  • (က)    အသင်းဝင်လိုသူများသည် အသင်းဝင်လျှောက်လွှာပုံစံ(၁)တွင် ပြည့်စုံစွာဖြည့်သွင်း၍ အသင်းဝင်(၂)ဦး၏ထောက်ခံချက်ဖြင့် မေတ္တာရှင်အသင်း အလုပ်အမှုဆောင်အဖွဲ့သို့ လျှောက်ထားရမည်။
  • (ခ)    အသင်းအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးသည် အသင်းဝင်လျှောက်ထားသည် လျှောက်လွှာများအား စုစည်း၍ အနီးဆုံးအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးသို့ တင်ပြရမည်။
  • (ဂ)    အသင်းအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးမှ လျှောက်ထားသူအား အသင်းသို့ဝင်ခွင့်ပြု၊ မပြုဆုံးဖြစ်၍ အသင်းဝင်ခွင့်ပြုပါက အတွင်းရေးမှူးက လျှောက်ထားသူထံသို့ အသင်းဝင် ခွင့်ပြုကြောင်းနှင့် စေတနာအလျောက်လစဉ်အလှူငွေထည့်ဝင်နိုင်ရန် အကြောင်းကြားရ မည်။
  • (ဃ)    စေတတာအလျောက်လစဉ်အလှူငွေများထည့်ဝင်ပြီးပါက လျှောက်ထားသူထံသို့ အသင်း ဝင်ကတ်ပြားပုံစံ(၂)နှင့် ရင်ထိုးတံဆိပ်ပေးအပ်ရမည်။
  • (င)    လျှောက်ထားသူအား အသင်းဝင်ခွင့်မပြုလျှင် ဝင်ခွင့်မပြုသည့်အကြောင်းချင်းရာအပြည့် အစုံဖော်ပြ၍ ဆုံးဖြတ်ချက်ချမှတ်ရမည်။ ဖော်ပြပါဆုံးဖြတ်ချက်ကို ပြင်ပသို့ပေါက်ကြားမှုမရှိ စေရန် အတွင်းရေးမှူးမှ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ရမည်။

အသင်းသား၊ အသင်းသားအဖြစ်မှရပ်စဲခြင်း

၂၇။    အသင်းသား။    ဤအသင်းတွင် အသင်းသားများကို အောက်ပါအတိုင်း သတ်မှတ်ထားသည်။ အမျိုးသား၊ အမျိုးသမီး အခွင့်အရေးအညီအမျှဖြစ်သည်။

  • (က)    သာမန်အသင်းသား။    သတ်မှတ်ထားသောအသင်းဝင်ကြေး (၁၀ဝ၀ိ/) ကို တစ်ကြိမ် ပေးသွင်းရမည်။ သာမန်အသင်းသားတစ်ဦးသည် လစဉ်အလှူငွေများ မှန်မှန်ပေးသွင်းရ မည့်အပြင်၊ သာမန်အသင်းသားသက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက ရာသက်ပန်အ သင်းသားဖြစ်ထိုက်ကြောင်း စာဖြင့်အတည်ပြုတင်ပြရမည်။
  • (ခ)    ရာသက်ပန်အသင်းသား။        လစဉ်အလှူငွေများ မှန်မှန်ပေးသွင်းပြီး သာမန်အသင်း သားသက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသူ မည်သူမဆို ရာသက်ပန်အသင်းသားဖြစ်ထိုက် ကြောင်း စာဖြင့်အဆိုပြုတင်ပြပြီး သတ်မှတ်ထားသောအသင်းဝင်ကြေး (၅၀ဝ၀ိ/) ပေးသွင်းရမည်။ လစဉ်အလှူငွေများကို ဆက်လက်လှူဒါန်းရမည်။
  • (ဂ)    ဂုဏ်ထူးဆောင်အသင်းသား။    ရာသက်ပန်အသင်းသား မည်သူမဆို အမျိုးသား၊ အမျိုး သမီးမခွဲခြားဘဲ အသင်း၏တိုးတက်ရာတိုးတက်ကြောင်း လူအား၊ ငွေအား၊ အကြံဉာဏ် အားတို့ဖြင့် ဝမ်းပန်းတသာ ပံ့ပိုးကူညီသောသူတို့အား အလုပ်အမှုဆောင်အဖွဲ့မှ တင်ပြ လျှင် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးမှ ဂုဏ်ပြုသတ်မှတ်ပေးရမည်။

၂၈။    အသင်းသားအဖြစ်မှရပ်စဲခြင်း။    အသင်းဝင်တစ်ဦးဦးသည် ဖော်ပြပါအခြေအနေတစ်ရပ်ရပ်ပေါ် ပေါက်လာလပါက အနီးဆုံးအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့တင်ပြ၍ အသင်းသားအဖြစ်မှ ရပ်စဲ/ ထုတ်ပယ်ကြောင်း ဆုံးဖြတ်ရမည်-

  • (က)    ဤစည်းမျဉ်း ၂၄ (က) မှ (ဓ) ထိ အချက်အလက်များကို ဆန့်ကျင်ခြင်း။
  • (ခ)    အသင်းသားအချင်းချင်း မလိုမုန်းထားဂုံးချောခြင်း။
  • (ဂ)    အသင်းသား၏ဂုဏ်သိက္ခာကိုကျဆင်းအောင်ပြုမူပြောဆိုလုပ်ကိုင်ခြင်း။
  • (ဃ)    ကုသိုလ်ရှင်များ၏စေတနာကိုနည်းပါးအောင်၊ ဆုတ်ယုတ်သွားစေအောင် နည်းအမျိုးမျိုး ဖြင့် ပြုမူပြောဆိုလုပ်ကိုင်ခြင်း။
  • (င)    အသင်း၏ဂုဏ်သတင်းကိုမှေးမှိန်အောင်၊ အသင်း၏ဂုဏ်သိက္ခာကျဆင်းအောင်၊ အသင်း နှင့် အလုပ်အမှုဆောင်အဖွဲ့အပေါ် ယုံကြည်မှုကင်းမဲ့အောင် ဝါဒဖြန့်ချိပြောဆိုခြင်း၊ နည်းလမ်းအမျိုးမျိုးဖြင့် ပြုမူလုပ်ကိုင်ပြောဆိုခြင်း။
  • (စ)    သေဆုံးခြင်း။

၂၉။    အသင်းသားအဖြစ်မှရပ်စဲထုတ်ပယ်ခံရသောအသင်းဝင်၏ အသင်းဝင်ကတ်ပြားနှင့်ရင်ထိုးတံဆိပ် ကို အသင်းသို့ ပြန်လည်အပ်နှံရမည်။

ဘဏ္ဍာငွေကြေးဆိုင်ရာ သတ်မှတ်ချက်များ

၃၀။    ဘဏ္ဍာရေးနှစ်သတ်မှတ်ခြင်း။    အသင်း၏ဘဏ္ဍာရေးနှစ်ကို နှစ်စဉ် ဇန်နဝါရီလ (၁) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အထိ သတ်မှတ်သည်။

၃၁။    ငွေစာရင်းဖွင့်လှစ်ခြင်း။    အသင်းသို့ စေတနာရှင်အလှူရှင်များမှ မိမိတို့ဆန္ဒရှိသည့်အတိုင်း လှူဒါန်းနိုင်ရန် အောက်ပါငွေစာရင်းခေါင်းစဉ်ကြီးများ ဖွင့်လှစ်ထားရှိရမည်-

  • (က)    ပင်မအလှူငွေစာရင်း (ငွေပဒေသာပင်အလှူငွေ)။
  • (ခ)    နဝကမ္မလှူငွေစာရင်း (သာမန်အသုံးစရိတ်အလှူငွေ)။

၃၂။    လှူဒါန်းသူ၏ နှုတ်မှဖြစ်စေ၊စာနှင့်ဖြစ်စေ ပြောဆိုညွှန်ပြသည့်အတိုင်း အလှူငွေကိုသတ်မှတ်သည့် ငွေစာရင်းခေါင်းစဉ်ငယ်တွင်ထည့်သွင်း၍ ဘဏ်တွင်အပ်နှံထားရမည်။ ပင်မအလှူငွေစာရင်း (ငွေပဒေသာ ပင်အလှူငွေ)ခေါင်းစဉ်အောက်မှအလှူငွေများကို မည်သည့်အကြောင်းပြချက်နှင့်မျှ ထုတ်ယူသုံးစွဲခွင် မရှိစေရ။ နှစ်စဉ်ဘဏ်မှ အတိုးငွေများကိုသာ ထုတ်ယူသုံးစွဲရမည်။

၃၃။    နဝကမ္မအလှူငွေ(သာမန်အသုံးစရိတ်အလှူငွေ)ကို အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ သုံးစွဲမည့်ငွေပမာဏကို သက်ဆိုင်ရာငွေစာရင်းခေါင်းစဉ်ငယ်များအောက်မှ ထုတ်ယူသုံးစွဲ ခွင့်ရှိရမည်။

ဘဏ္ဍာငွေနှင့်ပစ္စည်းများသုံးစွဲပိုင်ခွင့်

၃၄။    အသင်းသို့လှူဒါန်းသော နဝကမ္မအလှူငွေ၊ ၄င်းအလှူငွေများမှရရှိသည့်ဘဏ်တိုးငွေနှင့်ပင်မအလှူ ငွေ(ငွေပဒေသာပင်)က ရရှိသည့်ဘဏ်တိုးငွေများမှ အသုံးစရိတ်များထုတ်ယူရာ၌ အလုပ်အမဆောင်အဖွဲ့ ၏ဥက္ကဌ၊ အတွင်းရေးမှူးနှင့်ဘဏ္ဍာရေးမှူးတို့ (၃)ဦးအနက်(၂)ဦး၏ ပူးတွဲရေးထိုးလက်မှတ်ဖြင့် ငွေထုတ်ယူ ခွင့်ရှိရမည်၊ (သို့မဟုတ်) အလုပ်အမှုဆောင်အဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်အရ တာဝန်ပေးအပ်ခြင်းခံ ရသော အလုပ်အမှုဆောင်(၃)ဦးအနက် (၂)ဦး၏ ပူးတွဲရေးထိုးလက်မှတ်ဖြင့် ငွေထုတ်ယူခွင့်ရှိရမည်။

၃၅။    အသင်းသို့လှူဒါန်းထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အခြားအသင်း၊ အဖွဲ့အစည်းတစ်ခုခုသို့ လွှဲပြောင်းလှူဒါန်းလိုလျှင်သော်လည်းကောင်း၊ အခြားနည်းတစ်စုံ တစ်ခုဖြင့် လွှဲပြောင်း/ရောင်းချ/လှူဒါန်းလိုလျှင်သော်လည်းကောင်း၊ အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအ ဝေးဆုံးဖြတ်ချက်နှင့်အညီ အတွင်းရေးမှူးမှ အကောင်အထည်ဖော်ဆောင်ရွက်ရမည်။

၃၆။    ငွေစာရင်းခေါင်းစဉ်လွှဲပြောင်းသုံးစွဲပိုင်ခွင့်။              ပင်မအလှူငွေစာရင်း(ငွေပဒေသာပင်)ခေါင်းစဉ် အောက်မှအလှူငွေများကို မည်သည့်အကြောင်းပြချက်နှင့်မျှ ငွေစာရင်းခေါင်းစဉ်လွှဲပြောင်းသုံးစွဲခွင့် မရှိစေ ရ။ ဘဏ်တိုးငွေကိုထုတ်ယူသုံးစွဲခွင့်ရှိစေရမည်။ ဘဏ်တိုးငွေကိုထုတ်ယူသုံးစွဲလိုပါက ပင်မအလှူငွေစာရင်း ခေါင်းစဉ်အောက်မှ ထုတ်ယူပြီး၊ နဝကမ္မအလှူငွေစာရင်းအောက်ရှိ သက်ဆိုင်ရာငွေစာရင်းခေါင်းစဉ်ငယ် အောက်တွင် ပေးသွင်း၍ ဘဏ်တွင်အပ်နှံရမည်။

၃၇။    သုံးစွဲလိုသောနဝကမ္မအလှူငွေစာရင်းခေါင်းစဉ်ငယ်အောက်တွင် ဘဏ္ဍာငွေအလုံအလောက်အရှိပါ က ဘဏ္ဍာငွေရှိနေသော နဝကမ္မအလှူငွေစာရင်းခေါင်းစဉ်ငယ်မှ ခေတ္တလွှဲပြောင်းကျခံသုံးစွဲပိုင်ခွင့်ရှိသည်။ သုံးစွဲလိုက်သော နဝကမ္မအလှူငွေစာရင်းခေါင်းစဉ်ငယ်အောက်တွင် ဘဏ္ဍာငွေအလုံအလောက်ရရှိလာပါက မူလထုတ်ယူသုံးစွဲခဲ့သော နဝကမ္မအလှူငွေစာရင်းခေါင်းစဉ်ငယ်အောက်တွင် ပြန်လည်ပေးသွင်းရမည်။

၃၈။    ပင်မအလှူငွေ(ငွေပဒေသာပင်)ကို ထုတ်ယူသုံးစွဲခြင်း။       စည်းမျဉ်း(၃၁)နှင့်(၃၅)က မည်သို့ ပင်ဆိုစေကာမူ ပင်မအလှူငွေ (ငွေပဒေသာပင်) ကို အောက်ပါ အခြေအနေအရ ထုတ်ယူသုံးစွဲနိုင်သည်။ ငွေစာရင်းခေါင်းစဉ်လွှဲပြောင်းသုံးစွဲနိုင်သည်-

  • (က)    အချိန်အခါ၊ ကာလဒေသအရသော်လည်းကောင်း။
  • (ခ)    ရာသီဥတု၊ ရေ၊ မြေ၊ သဘာဝ အနေအထားအရသော်လည်းကောင်း။
  • (ဂ)    နိုင်ငံတော်အစိုးရ၏အုပ်ချုပ်မှုအရသော်လည်ကောင်း၊ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်း အဝေးတွင်ဖြစ်စေ၊ အထူးသင်းလုံးကျွတ်အစည်းအဝေးတွင်ဖြစ်စေ၊ အထူးအလုပ်အမှု ဆောင်အစည်းအဝေးတွင်ဖြစ်စေ၊ ပင်မအလှူငွေစာရင်းမှထုတ်ယူ၍ အသင်းကြီးပွားရာ ကြီးပွားကြောင်း တိုးတက်ရာတိုးတက်ကြောင်းတို့ကို ရည်ညွှန်းပြပြီး အသင်းသားထဲမှ စာရေးတောင်းဆိုလာလျှင်သော်လည်းကောင်း၊ အသင်းသား (၅၁%)ကျော်နှင့် အလုပ်အ မှုဆောင်အဖွဲ့ (၅၁%) ကျော်က ထောက်ခံပါက ပင်မအလှူငွေစာရင်း(ငွေပဒေသာပင်)မှ ထုတ်ယူပြီး တင်ပြသောစာပါ ကြောင်းကျိုးအတိုင်းထုတ်ယူသုံးစွဲနိုင်သည်။ ငွေစာရင်းခေါင်း စဉ်လွှဲပြောင်း၍ ထုတ်ယူသုံးစွဲနိုင်သည်။

၃၉။    အမြဲတမ်းကြိုတင်ကိုင်ဆောင်ငွေ။        ငွေလုံးငွေရင်းအသုံစရိတ်မဟုတ်သော မော်တော်ယာဉ် အထွေထွေပြုပြင်အသုံးစရိတ်၊ မော်တော်ယာဉ်ဓာတ်ဆီ၊ စက်ဆီများဝယ်ယူစရိတ်၊ ဆေးနှင့်ဆေးပစ္စည်းဝယ် ယူစရိတ်နှင့် အထွေထွေအသေးအဖွဲအသုံးစရိတ်များသုံးစွဲနိုင်ရန်အတွက် အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ လုပ်ငန်းသဘာဝနှင့်သင့်တင့်လျောက်ပတ်သော အမြဲတမ်းကြိုတင်ကိုင်ဆောင်ငွေကို ထုတ်ယူ၍ ဘဏ္ဍာရေးမှူးထံ အပ်နှံကိုင်ဆောင်ခွင့်ရှိရမည်။

၄၀။    အလုပ်အမှုဆောင်အဖွဲ့က အမြဲတမ်းကြိုတင်ကိုင်ဆောင်ငွေ(သို့မဟုတ်) အမြဲတမ်းကြိုတင်ထုတ် ပေးငွေမှ အသေးအဖွဲ့အသုံးစရိတ်များဖြစ်ပေါ်သည့်အခါတိုင်းမှတ်သားနိုင်ရန်အတွက် အသေးအဖွဲသုံးငွေ စာရင်းစာအုပ်တွင် စနစ်တကျရေးသွင်းပြီး ထိန်းသိမ်းထားရှိရမည်။

၄၁။    ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်ခြင်း။    ပင်မအလှူငွေ(ငွေပဒေသာပင်) (သို့မဟုတ်) နဝကမ္မ အလှူငွေ (သို့မဟုတ်) သာမန်အသင်းသား၊ ရာသက်ပန်အသင်းသားဝင်ကြေးများကို အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာ့စီးပွားရေးဘဏ် (သို့မဟုတ်) ပုဂ္ဂလိကဘဏ်များတွင် ဘဏ်ရုံးချိန်အတွင်းအပ်နှံရမည်။ ဘဏ်ရုံးချိန်ကျော်လွန်မှလှူဒါန်းသောငွေများကို လက်ကျန်ရှင်းတမ်း စာရင်းဖြင့်ပြုစုထားရှိ၍ လက်ကျန်ငွေများကို နောက်တနေ့ဘဏ်ဖွင့်ချိန်တွင် ဘဏ်တွင်အပ်နှံရမည်။

အစည်းအဝေးများကျင်းပခြင်း

၄၂။    နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး။          နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကို အောက်ဖော်ပြပါအချက်များနှင့်အညီကျင်းပရမည်-

  • (က)    အစည်းအဝေးကို(၁၀)ရက်ကြိုတင်ဖိတ်ကြားရမည်။
  • (ခ)    ဖိတ်စာနှင့်အတူနှစ်ချုပ်ရှင်းတမ်းကိုပူးတွဲပေးပို့ရမည်။
  • (ဂ)    အစည်းအဝေးတွင်တင်သွင်းရန်အဆိုများကို အစည်းအဝေးမတိုင်မီ (၅)ရက် ကြိုတင်၍ အတွင်းရေးမှူးထံ ပေးပို့နိုင်ရန် သတ်မှတ်ပေးရမည်။
  • (ဃ)    အသင်းသား(၅၁%)ကျော်တက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်။
  • (င)    အမှုဆောင်သစ်ရွေးချယ်ခြင်းကိုကြီးကြပ်ဆောင်ရွက်ပေးနိုင်ရန် အစည်းအဝေးသို့တက် ရောက်လာသူအသင်းသားများထံမှ အသက်အရွယ်ကြီးရင့်ပြီး သီလ သမာဓိ ပညာ နှင့် ပြည့်စုံသော ပုဂ္ဂိုလ်(၃)ဦးအား သဘာပတိအဖြစ်ရွေးချယ်တင်မြောက်ရမည်။
  • (စ)    ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်တို့၏အစီရင်ခံစာများဖတ်ကြားတင် သွင်းခြင်း၊ အစီရင်ခံစာများနှင့်သက်ဆိုင်သည့်အဆိုများမေးမြန်းချက်များကို ဖြေကြားခြင်း များပြီးစီးပါက အမှုဆောင်သစ်ရွေးချယ်နိုင်ရန် လက်ရှိအမှုဆောင်များက နှုတ်ထွက်ပေးရ မည်။
  • (ဆ)    သဘာပတိများ၏ရှေ့မှောက်၌ အစည်းအဝေးသို့တက်ရောက်လာကြသော အသင်းသား များထဲမှ အလုပ်အမှုဆောင်အဖွဲ့ကို ဤစည်းမျဉ်း(၁၈)အရလည်းကောင်း၊ အလုပ်အမှု ဆောင်အဖွဲ့၏တာဝန်အသီးသီးကို စည်းမျဉ်း(၁၉)အရလည်းကောင်း ရွေးချယ်တင်မြောက် ရမည်။

၄၃။    အထူးသင်းလုံးကျွတ်အစည်းအဝေး။    အသင်းသား(၅၁%)ကျော်က အကြောင်းအကျိုးဖော်ပြ ပြီး အထူးသင်းလုံးကျွတ်အစည်းအဝေးပြုလုပ်ပေးရန် စာရေးသား၍ ဥက္ကဌထံတောင်းဆိုလျှင် (၁၀) ရက်အ တွင်း အထူးအစည်းအဝေးခေါ်ပေးရမည်။ အစည်းအဝေးပြုလုပ်ပေးရန်တောင်းဆိုသော အသင်းသားများကို ကိုယ်တိုင်အထူးသင်းလုံးကျွတ်အစည်းအဝေးသို့ မပျက်မကွက်(မပျက်မကွက်) တက်ရောက်ရမည်။ အသင်းသားစုစုပေါင်း (၇၅%) ကျာ်တက်ရောက်လျှင် အစည်းအဝေးထမြောက်သဖြင့် အစည်းအဝေးကျင်း ပ ပြုလုပ်ပေးရမည်။

အစည်းအဝေးသို့တက်ရောက်လာသူအသင်းသား(၇၅%)ပြည့်မီကျော်လွန်သော်လည်း အစည်းအဝေးပြုလုပ်ပေးရန်တောင်းဆိုသောအသင်းသား(၅၁%)ကျော် အစည်းအဝေးသို့တက်ရောက်ရန် ပျက်ကွက်ပါက အစည်းအဝေးပြုလုပ်ခွင့် မရှိစေရ။ နောက်တစ်ကြိမ်အစည်းအဝေးပြုလုပ်ပေးရန် တောင်းဆို ခွင့် မရှိစေရ။

၄၄။    အလုပ်အမှုဆောင်အဖွဲ့၏လပတ်အစည်းအဝေး။    အလုပ်အမှုဆောင်အဖွဲ့၏ လပတ်အစည်းအ ဝေးကို လစဉ်ဖိတ်ကြားရန်မလိုစေဘဲ လစဉ် အင်္ဂလိပ်လ(၇)ရက်နေ့တိုင်း အစည်းအဝေးကျင်းပပြုလုပ်ရ မည်။ အလုပ်အမှုဆောင်အဖွဲ့ဦးရေ စုစုပေါင်း(၅၁%)ကျော်တက်ရောက်လျှင် အစည်းအဝေးထမြောက် အောင်မြင်သည်။ အလုပ်အမှုဆောင်တစ်ဦးဦးသည် အစည်းအဝေးသို့ အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်ပါက စာဖြင့်ဖြစ်စေ(သို့မဟုတ်)တယ်လီဖုန်းဖြင့်ဖြစ်စေ ဥက္ကဌ(သို့မဟုတ်) အတွင်းရေးမှူး ထံသို့ အချိန်မီအကြောင်းကြားရမည်။ ဥက္ကဌ(သို့မဟုတ်)အတွင်းရေးမှူးသည် အစည်းအဝေးသို့မတက် ရောက်နိုင်ပါက အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဦးထံသို့ အကြောင်းကြားရမည်။

၄၅။    ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်များနှင့်အဖွဲ့ဝင်များသည် တစ်လတာကာလ အတွင်း ကဏ္ဍအလိုက်ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အားသာချက်/အား နည်းချက်များ ဖော်ပြ၍တင်သွင်းရမည်။ အားသာချက်များတွေ့ရှိပါက ပိုမိုကောင်းမွန်သည်ထက်ကောင်းမွန် အောင်ကျိုးပမ်းဆောင်ရွက်ရမည်။ အားနည်းချက်များတွေ့ရှိပါက တစ်လအတွင်းပြုပြင်ဆောင်ရွက်ပြီး နောက်လပတ်အစည်းအဝေးတွင် ဆောင်ရွက်မှုအခြေအနေကို တင်ပြဆွေးနွေးရမည်။

၄၆။    အလုပ်အမှုဆောင်အဖွဲ့၏လုပ်ငန်းဆောင်ရွက်မှု အစည်အဝေး။    အသင်းလုပ်ငန်းများ လျင်မြန် သွက်လက်စေရန်နှင့် အချိန်နှင့်တပြေးညီ လုပ်ငန်းများပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် ဥက္ကဌသည် အလုပ်အမှုဆောင်အဖွဲ့ကို အချိန်အခါမရွေး ဖိတ်ကြား၍ အစည်းအဝေးပြုလုပ်နိုင်သည်။

၄၇။    အလုပ်အမှုဆောင်အဖွဲ့၏အထူးအစည်းအဝေး။၊    (၅၁%)သောအလုပ်အမှုဆောင်များက အထူး အစည်းအဝေးပြုလုပ်ပေးရန်တောင်းဆိုလျှင် ဥက္ကဌက (၇) ရက်အတွင်း အစည်းအဝေးခေါ်ယူပေးရမည်။ တက်ရောက်သူအလုပ်အမှုဆောင်(၅၁%)မကျော်သဖြင့် ဒုတိယအကြိမ်အစည်းအဝေးခေါ်ပေးရန်တောင်း ဆိုပါက ဥက္ကဌမှ ခေါ်ပေးရမည်။ အလုပ်အမှုဆောင် (၅၁%) ကျော်တက်ရောက်လျှင် အစည်းအဝေးအထ မြောက်သည်။ ဒုတိယအကြိမ်အစည်းအဝေးတွင် တက်ရောက်သူအလုပ်အမှုဆောင်ဦးရေ(၅၁%)မကျော်ပါ က နောက်တစ်ကြိမ်အစည်းအဝေး ကျင်းပပေးရန်တောင်းခံပိုင်ခွင့် မရှိစေရ။

အသင်း၏အလံ၊အထိမ်းအမှတ်တံဆိပ်၊ရုံးတံဆိပ်၊ရင်ထိုးတံဆိပ်

၄၈။    အလံ။    အသင်း၏အလံနမူနာမှာ အောက်ပါအတိုင်းဖြစ်သည်-

 ၄၉။    အသင်း၏အလံ အရွယ်အစား၊ အရောင်၊ အချိုးအစားကိုဖော်ပြပါအတိုင်း ပုံမှန်သတ်မှတ်သည်၊ အလံ၏အရောင်၊ အမျိုးအစားပုံသဏ္ဍာန်အတိုင်း အကြီးအသေး ပြုလုပ်နိုင်သည်-

(က) အရွယ်အစား    - အလျား(၅)ပေ x အနံ(၃)ပေ
(ခ) အရောင်    - အဝါ၊အပြာ၊အဖြူ၊အနီ (အလျားလိုက်-အစင်း)
(ဂ) အချိုးအစား - အလံအရွယ်အစား (၅' x ၃')တွင် အရောင်လေးရောင်ကို ဖော်ပြ
ပါအချိုးအစားအတိုင်း သတ်မှတ်သည်-
      (၁)    အဝါ    -    အလျား (၅)ပေ x အနံ (၉) လက်မ             (အပေါ်ထိပ်)
      (၂)    အပြာ    -    အလျား (၅)ပေ x အနံ (၉) လက်မ             (အလယ်)
      (၃)    အဖြူ    -    အလျား (၅)ပေ x အနံ (၉) လက်မ             (အလယ်)
      (၄)    အနီ    -    အလျား (၅)ပေ x အနံ (၉) လက်မ             (အောက်ဆုံး)
      (၅)    အလံအလျားလိုက် အလယ်ဗဟိုတည့်တည့်၊ အနီရောင် ၏အထက်အနားပေါ်တွင်အနားအရှည် (၂၄) လက်မ သုံးနားညီတြိဂံ(အပြင်) နှင့် အနားအရှည် (၁၈)လက်မ သုံးနားညီတြိဂံ(အတွင်း) နှစ်ထပ်သုံးနားညီတြိဂံအထိမ်း အမှတ်တံဆိပ်ပါရှိရမည်။

 

၅၀။ အသင်း၏အလံ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အအောက်ပါအတိုင်း ရည်ညွှန်းသည်-

(က) အဝါရောင်    - ဝေရဝါဒဗုဒ္ဓသာသနာတော်ကြီး အစဉ် တည်တံ့ခိုင်မြဲစေရန် ရည်ညွှန်းသည်။
(ခ) အပြာရောင်     - မေတ္တာစိတ်ဓာတ်ကို ရည်ညွှန်းသည်။
(ဂ) အဖြူရောင်    - စိတ်ထားဖြူစင်၍ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ယာဉ်ကျေး သိမ်မွေ့သောလူ့ဘောင်အဖွဲ့အစည်းဖြစ်ပေါ်စေရန် ရည်ညွှန်းသည်။
(ဃ)  အနီရောင်    - ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ ဇွဲ လုံ့လ ဝီရိယရှိခြင်းကို ရည်ညွှန်းသည်။

 

၅၁။    အထိမ်းအမှတ်တံဆိပ်။    အသင်း၏အထိမ်းအမှတ်တံဆိပ်နမူနာမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

 ၅၂။    အသင်း၏အထိမ်းအမှတ်တံဆိပ်ပုံသဏ္ဍာန်၊ အရွယ်အစား၊ သင်္ကေတကို အောက်ပါအတိုင်း သတ်မှတ်သည်-

(က)  ပုံသဏဏ္ဍာန်    - ၂ ထပ် သုံးနားညီတြိဂံ
(ခ) အရွယ်အစား    - (၁)    အပြင်သုံးနားညီတြံဂံ၏အနားအရှည် (4 cmx4 cmx4 cm)
      (၂)    အတွင်းသုံးနားညီတြံဂံ၏အနားအရှည်   (2.5cmx2.5cmx2.5cm)
      (၃)    နှစ်ထပ်သုံးနားညီတြိဂံအတွင်းရှိကြက်ခြေနီ၏ အချင်း(1cm)၊ အလျား(1 cm)၊ အနံ(1 cm)၊ ဗျက် (0.3 cm)
      (၄)     ကြေးစည်အမြင့်    (0.5 cm)
      (၅)     ကြေးစည်အနားနှစ်ဖက်အကွာအဝေး (0.7 cm)
      (၆)     ကြေးစည်ရိုက်တံဘုလုံး၏အလျားxလုံးပတ် (4cm x2cm)
      (၇)    ကြေးစည်ရိုက်တံတုတ်၏ အလျားxလုံးပတ်  (0.6cmx0.2cm)
(ဂ) သင်္ကေတ    - (၁)    ၂ ထပ်သုံးနားညီတြံဂံအတွင်းတွင် မေတ္တာ ဂရုဏာ သင်္ကေတ အဖြစ် သတ်မှတ်ထားသော သွဲ့ပျောင်းနှောင်းသည့် လက်(၂)     ဘက်ပေါ၌ ကြက်ခြေနီ+ ကြေးစည်+ ကြေးစည်ရိုက်တုတ်သင်္ကေတ။
      (၂)    သုံးနားညီတြိဂံ(၂)ထပ်အကြား၌ နာမှုကူညီရေးနှင့်ကုသိုလ်ဖြစ် (အခမဲ့)ဆေးခန်း၊ မေတ္တာရှင် တောင်ကြီးမြို့ သင်္ကေတ။
      (၃)    သုံးနားညီတြိဂံ(၂)ထပ်ကြားရှိထောင့်သုံးထောင့်၌ 'ဗုဒ္ဓံ၊ဓမ္မံ၊သံဃံ'  သင်္ကေတ။
      (၃)    အဖြူ    -    အလျား (၅)ပေ x အနံ (၉) လက်မ             (အလယ်)
      (၄)    အနီ    -    အလျား (၅)ပေ x အနံ (၉) လက်မ             (အောက်ဆုံး)
      (၅)    အလံအလျားလိုက် အလယ်ဗဟိုတည့်တည့်၊ အနီရောင် ၏အထက်အနားပေါ်တွင်အနားအရှည် (၂၄) လက်မ သုံးနားညီတြိဂံ(အပြင်) နှင့် အနားအရှည် (၁၈)လက်မ သုံးနားညီတြိဂံ(အတွင်း) နှစ်ထပ်သုံးနားညီတြိဂံအထိမ်း အမှတ်တံဆိပ်ပါရှိရမည်။

 

၅၃။    အထိမ်းအမှတ်တံဆိပ်၏အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အောက်ပါအတိုင်း ရည်ညွှန်းသည်-

(က) ၂ထပ်သုံးနားညီတြိဂံ - သြဝါဒဆရာတောကြီးများ၊ နာယကများ၊ အလုပ်အမှုဆောင် အဖွဲ့များနှင့်အသင်းသူအသင်းသားများအားလုံးသည် အသင်း ထာဝရ တည်တံ့ခိုင်မြဲတိုးတက်ရေးအတွက် စိတ်တူကိုယ်တူ  ညီညီညွတ်ညွှတ်ပူးပေါင်းဆောင်ခြင်နှင့် တောင့်တင်းခိုင်မာသည့် အသင်းဖြစ်ခြင်း။
(ခ) ကြက်ခြေနီ - လူမျိုးဘာသာ ဆင်းရဲချမ်းသာ မခွဲခြားဘဲ မည်သူ့ကိုမဆိုသိုလ်ဖြစ် (အခမဲ့) ဆေးကုသပေးသည့် သင်္ကေတ။
(ဂ) ကြေးစည်+ကြေးစည်ရိုက်တုတ်    - သေဆုံးသူအား ကောင်းရာသူဂတိဘုံဘဝသို့ ရောက်ရှိစေခြင်းငှာ

 

 ၅၄။    ရုံးတံဆိပ်။    အသင်း၏ရုံးတံဆိပ်နမူနာမှာ အောက်ပါအတိုင်းဖြစ်သည်-

 

၅၅။    အသင်း၏ရုံးတံဆိပ်ပုံသဏ္ဍာန်၊ အရွယ်အစားနှင့် သင်္ကေတမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ပုံသဏ္ဍာန်    - စက်ဝိုင်း(၂)ထပ်ပုံ
(ခ) အရွယ်အစား    - အပြင်စက်ဝိုင်း အချင်း(5 cm)
အတွင်းစက်ဝိုင်း အချင်း (3.5 cm)
(ဂ) သင်္ကေတ    - စက်ဝိုင်း(၂)ထပ်ကြားရှိကြယ်(၂)ပွင်း၏ထိပ်၌ ‘မေတ္တာရှင်နာမှု ကူညီရေးနှင့်ကုသိုလ်ဖြစ်(အခမဲ့)ဆေးခန်း’ ဟုလည်းကောင်း၊ ကြယ်(၂)ပွင့်အောက်ခြေ၌ ‘တောင်ကြီးမြိ့’ ဟုလည်းကောင်း၊ အတွင်းစက်ဝိုင်းအတွင်း၌ ‘စာအမှတ်……’ ‘ရက်စွဲ………..’ ဟုလည်းကောင်း၊ သင့်လျော်သောအ    ရွယ်အစားဖြင့် စာလုံး ဖောက်ထားရမည်။

 

၅၆။    ရင်ထိုးတံဆိပ်။    အသင်း၏ရင်ထိုးတံဆိပ်များကို အချိန်အခါအလိုက် ခွဲခြားသတ်မှတ်ပေးနိုင်သည့် အချိန်တွင် အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ပေးရမည်-

  • (က)    အလုပ်အမှုဆောင်ရင်ထိုးတံဆိပ်။
  • (ခ)    ရာသက်ပန်အသင်းသားရင်ထိုးတံဆိပ်။
  • (ဂ)    သာမန်အသင်းသားရင်ထိုးတံဆိပ်။
  • (ဃ)    လုပ်အားပေးရင်ထိုးတံဆိပ်။
  • (င)    သွေးလှူရှင်ရင်ထိုးတံဆိပ်။

 

၅၇။    အလုပ်အမှုဆောင်ရက်ထိုးတံဆိပ်။        အလုပ်အမှုဆောင်ရင်ထိုးတံဆိပ်သည် ဖော်ပြပါအတိုင်း ဖြစ်သည်-

၅၈။    အလုပ်အမှုဆောင်ရင်ထိုးတံဆိပ်၏အရွယ်အစား၊ တံဆိပ်အမှတ်အသားနှင့် နောက်ခံအရောင်မှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အရွယ်အစား    - အလျား (၃) လက်မ x အနံ (၁) လက်မ
(ခ) အမှတ်အသား    - ရင်ထိုးတံဆိပ်၏ညာဘက်တွင် အသင်း၏ အထိမ်းအမှတ်တံ ဆိပ်နှင့် ဘယ်ဘက်တွင် မေတ္တာရှင်အသင်း တောင်ကြီး စာသား ပါရှိရမည်။
(ဂ) နောက်ခံအရောင် - ရင်ထိုးတံဆိပ်၏နောက်ခံအရောင်မှာ ‘ရွှေရောင်’ ဖြစ်ရမည်။

၅၉။    ရာသက်ပန်အသင်းသားရင်ထိုးတံဆိပ်။    အလုပ်အမှုဆောင်ရင်ထိုးတံဆိပ်သည် ဖော်ပြပါအတိုင်း ဖြစ်သည်-

၆၀။    ရာသက်ပန်အသင်းသားရင်ထိုးတံဆိပ်၏ အရွယ်အစား၊ တံဆိပ်အမှတ်အသားနှင့် နောက်ခံရောင် မှာအောက်ပါအတိုင်းဖြစ်သည်-

(က) အရွယ်အစား    - အလျား (၂ ၁/၂) လက်မ x အနံ (၁ လက်မ)
(ခ) အမှတ်အသား    - ရင်ထိုးတံဆိပ်၏ညာဘက်တွင် အသင်း၏ အထိမ်းအမှတ်တံ ဆိပ်နှင့် ဘယ်ဘက်တွင် မေတ္တာရှင်အသင်း တောင်ကြီး စာသား ပါရှိရမည်။
(ဂ) နောက်ခံအရောင် - ရင်ဘတ်တံဆိပ်၏နောက်ခံအရောင်မှာ ‘မိုးပြာရောင်’ ဖြစ်သည်။

၆၁။    သာမန်အသင်းသားရင်ထိုးတံဆိပ်။    သာမန်အသင်းသားရင်ထိုးတံဆိပ်သည် အသင်း၏ အထိမ်းအမှတ်တံဆိပ်ဖြစ်သည်။ စည်းမျဉ်း(၄၈) အရ သတ်မှတ်ထားသည့် အရွယ်အစားအတိုင်းဖြစ်ရမည်။

၆၂။    လုပ်အားပေးရင်ထိုးတံဆိပ်။    လုပ်အားပေးရင်ထိုးတံဆိပ်ကို အသင်းအခြေအနေ/ အချိန်အခါ လိုက်၍ အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ ပြုလုပ်ပေးနိုင်သည်။

၆၃။    သွေးလှူရှင်ရင်ထိုးတံဆိပ်။    သွေးလှူရှင်တံဆိပ်ကို အသင်း၏အခြေအနေ/အချိန်အခါ လိုက်၍ အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ ပြုလုပ်ပေးနိုင်သည်။ ထို့ပြင် သွေးလှူရှင်များအတွက် အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများကိုလည်း အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ ပေးနိုင်သည်။

အလုပ်အမှုဆောင်အဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၆၄။    အလုပ်အမှုဆောင်အဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်-

  • (က)    ပုံမှန်အစည်းအဝေးကို အနည်းဆုံး(၁)လတစ်ကြိမ်ပြုလုပ်ပြီး အစည်းအဝေးဆုံးဖြတ်ချက် များကိုအချိန်နှင့်တပြေးညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
  • (ခ)    ပုံမှန်အစည်းအဝေး၏ဆုံးဖြတ်ချက်များအပေါ် အကောက်အထည်ဖော်ဆောင်ရွက်မှု အခြေအနေနှင့်သုံးသပ်ချက်များကို နောက်လပုံမှန်အစည်းအဝေးတွင် မပျက်မကွက် တင်ပြခြင်း။
  • (ဂ)    နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေး၊ အထူးအရေးပေါ်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
  • (ဃ)    လစဉ်စာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်စာရင်းစစ်အစီရင်ခံစာများတွင်ပါရှိသော အကြံပြုချက် များ၊ သုံးသပ်ချက်များ၊ အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အချက်များကို အနီးဆုံး အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးသို့ တင်ပြ၍ ဆောင်ရွက်ခြင်း။
  • (င)     ဗုဒ္ဓဘာသာဆိုင်ရာဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေး အသင်းအဖွဲ့များနှင့် ဆက်သွယ်ခြင်း။
  • (စ)    အသင်းပိုင်ငွေနှင့်ပစ္စည်းများ(ရွေ့ပြောင်းနိုင်သောပစ္စည်း/မရွှေ့ပြောင်းနိုင်သောပစ္စည်း) ကို စနစ်တကျထိန်းသိမ်းခြင်း၊ လှူဒါန်းခြင်း၊ သင့်တော်သလိုစီမံခန့်ခွဲဆောင်ရွက်ခြင်း။
  • (ဆ)    အသင်း၏လုပ်ဆောင်ချက်များကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် သဘောပေါက်စေရန်အတွက် ရပ်ကွက်/ကျေးရွာအသီးသီးသို့ အခါအားလျော်စွာ ကွင်းဆင်း၍ ဆေးကုသပေးပြီး ဟောပြောဆွေးနွေးခြင်း။
  • (ဇ)    အသင်းသားတိုးပွားရေးအတွက် ပြည်သူလူထုအတွင်း အမြဲမပြတ်ထိတွေ့စည်းရုံးဆောင် ရွက်ခြင်း။

၆၅။    ဥက္ကဌ၏တာဝန်နှင့်လုပ်ကိုင်ခွင့်များ။    အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ တာဝန်နှင့်လုပ်ကိုင်ခွင့် များကို အောက်ပါအတိုင်းသတ်မှတ်သည်-

  • (က)    လစဉ်ပုံမှန်အစည်းအဝေး၊ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး၊ အထူးသင်းလုံး ကျွတ်အစည်းအဝေးများတွင် ဥက္ကဌအဖြစ် ဆောင်ရွက်ခြင်း။
  • (ခ)    အရေးပေါ်ကိစ္စများပေါ်ပေါက်ပါက အထူးအစည်းဝေးများခေါ်ဆိုရန် အလုပ်အမှုဆောင် အဖွဲ့နှင့် တိုင်ပင်၍ နေ့ရက်၊ နေရာ၊ အချိန်တို့ကို သတ်မှတ်နိုင်သည်။
  • (ဂ)    ငွေစာရင်းနှင့်ပစ္စည်းစာရင်းတို့ကို တစ်လလျှင်တစ်ကြိမ်ထက်မနည်း စစ်ဆေးရမည်။ စစ်ဆေးရန် ကော်မတီဖွဲ့၍ တာဝန်ပေးနိုင်သည်။

၆၆။    ဒုတိယဥက္ကဌများ၏တာဝန်နှင့်လုပ်ကိုင်ခွင်များ။    ဒုတိယဥက္ကဌများ၏ တာဝန်နှင့်လုပ်ကိုင်ခွင်များ ကိုအောက်ပါအတိုင်း သတ်မှတ်သည်-

  • (က)    ဥက္ကဌ၏တာဝန်များကို ကူညီလုပ်ကိုင်ပေးရမည်။
  • (ခ)    ဥက္ကဌသည် ယာယီအားဖြင့် မိမိတာဝန်များကို မထမ်းဆောင်နိုင်သည့်အခါ ဥက္ကဌ၏ တာဝန်ပေးချက်အရ ဥက္ကဌ၏တာဝန်များကို ယာယီလွှဲပြောင်း/လက်ခံ၍ တာဝန်ထမ်း ဆောင်ရမည်။

၆၇။    အတွင်းရေးမှူး၏တာဝန်နှင့်လုပ်ကိုင်ခွင့်များ။    အတွင်းရေးမှူး၏တာဝန်နှင့် လုပ်ကိုင်ခွင့်များကို အောက်ပါအတိုင်းသတ်မှတ်သည်-

  • (က)    ဥက္ကဌနှင့်အလုပ်အမှုဆောင်အဖွဲ့များတိုင်ပင်၍ အလုပ်အမှုဆောင်အစည်းအဝေးကို ခေါ် ဆိုနိုင်သည်။
  • (ခ)    အစည်းအဝေးအသီးသီး၏ အစည်းအဝေးမှတ်တမ်းတင်ခြင်း၊ မှတ်တမ်းထိမ်းသိမ်းခြင်းများ ဆောင်ရွက်ရမည်။
  • (ဂ)    အစည်းအဝေးပြုလုပ်တိုင်း ယခင်အစည်းအဝေးမှဆုံးဖြတ်ချက်များအကောင်အထည် ဖော် နိုင်ရေး၊ မဖော်နိုင်ရေးတို့ကို အစီရင်ခံရမည်။
  • (ဃ)    အလုပ်အမှုဆောင်အဖွဲ့များနှင့်ညှီုနှိုင်း၍ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးသို့ တင်ပြရမည့်အစီရင်ခံစာ- စာကြမ်း/စာချောပြုစုခြင်း၊ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်း အဝေးသို့ အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်းများ ဆောင်ရွက်ရမည်။
  • (င)    အသင်း၏သာမန်စာရွက်စာတမ်းများ၊ အထူးအရေးကြီးသောစာရွက်စာတမ်းများ၊ မော်တော်ယာဉ်များနှင့်သက်ဆိုင်သောစာရွက်စာတမ်းများ၊ မော်တော်ယာဉ်လိုင်စင်များ၊ တယ်လီဖုန်းများနှင့်သက်ဆိုင်သောစာရွက်စာတမ်းများ၊ လစဉ်ငွေပေးဘောက်ချာများ၊ မြေယာနှင့်သက်ဆိုင်သောစာရွက်စာတမ်းများ၊ မြေပေးမိန့်များ၊ ဂရံများ စသည့် ရုံးလုပ်ငန်း နှင့်သက်ဆိုင်သောစာရွက်စာတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရမည်။
  • (စ)    အသင်းပိုင်မော်တော်ယာဉ်များကိုထိန်းသိမ်းစောင့်ရှောက်ရမည့်အပြင် အမော်တော်ယာဉ် များ၏ကြံ့ခိုင်မှုအခြေအနေများ၊ ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြည့်ရှုစစ်ဆေးရမည်။ အကြီးစားပြင်ဆင်မှုများကိုအစည်းအဝေးသို့တင်ပြပြီး ပြုပြင်ရမည်။ ပြင်ဆင်စရိတ်ရန်ပုံငွေခွင့်ပြုချက်ကို အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြရမည်။
  • (ဆ)    ရုံးသုံးပရိဘောဂပစ္စည်းများ၊(သွားစိုက်ခုံ၊ မိုက်ခရိုစကုတ်၊ ECG ၊ Nebuizer) စသည့်ပစ္စည်း များကို အပျက်အစီးမရှီစေရန်နှင့် လေလွင့်ပျောက်ဆုံးမှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက် ရမည်။
  • (ဇ)    ရုံးသုံးပရိဘောဂပစ္စည်းများ၊ ကွန်ပြူတာနှင့်ဆက်စပ်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက် ရမည်။
  • (ဈ)    ရံပုံငွေသုံးစွဲမှုနှင့်ငွေစာရင်းများကို ထိန်းသိမ်းရမည်။
  • (ည)    ရုံးဝန်ထမ်းများစည်းကမ်းလိုက်နာရေး၊ တာဝန်ကျေပွန်စွာထမ်းဆောင်ရေးများကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။
  • (ဋ)    ဥက္ကဌ၊ အလုပ်အမှုဆောင်အဖွဲ့များနှင့်တိုင်ပင်ပြီး ဝန်ထမ်းခန့်ထားရေးကိစ္စ၊ ဒဏ်ပေးရေး ကိစ္စ၊ ဆုပေးရေးကိစ္စ၊ အလုပ်မှထုတ်ပယ်ခြင်း(Remove)ကိစ္စ၊ အလုပ်မှထုတ်ပစ်ခြင်း (Dismiss) ကိစ္စများ ဆောင်ရွက်ရမည်။
  • (ဌ)    ဘဏ္ဍာရေးမှူးမှစိစစ်တင်ပြသောငွေထုတ်စာရင်းများကို ထပ်မံစစ်ဆေးအတည်ပြုပြီး ဥက္ကဌထံ တင်ပြရမည်။

၆၈။    တွဲဘက်အတွင်းရေးမှူးများ၏တာဝန်နှင့်လုပ်ကိုင်ခွင့်များ။    တွဲဘက်အတွင်းရေးမှူးများ၏ တာဝန် နှင့်လုပ်ကိုင်ခွင့်များကို အောက်ပါအတိုင်းသတ်မှတ်သည်-

  • (က)    အတွင်းရေးမှူး၏တာဝန်များကို ပံ့ပိုးကူညီလုပ်ကိုင်ပေးရမည်။
  • (ခ)    အတွင်းရေးမှူး၏တာဝန်များကို အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးမှခွဲဝေတာဝန်သတ် မှတ်ပေးလျှင် ဆောင်ရွက်ရမည်။
  • (ဂ)    အတွင်းရေးမှူးသည် ယာယီအားဖြင့်မိမိတာဝန်များကိုမထမ်းဆောင်နိုင်သောအခါ ဥက္ကဌ ၏တာဝန်ပေးချက်အရ အတွင်းရေးမှူး၏တာဝန်ကို ယာယီလွှဲပြောင်း/လက်ခံဆောင်ရွက် ရမည်။

၆၉။    ဘဏ္ဍာရေးမှူး၏တာဝန်နှင့်လုပ်ကိုင်ခွင့်များ။    ဘဏ္ဍာရေးမှူး၏ တာဝန်နှင့်လုပ်ကိုင်ခွင့်များကို အောက်ပါအတိုင်းသတ်မှတ်သည်-

  • (က)    စေတနာရှင်ပြည်သူလူထုမှ နဝကမ္မလှူဒါန်းငွေများ၊ သာမန်အသင်းသားဝင်ကြေးအလှူငွေ များ၊ ရာသက်ပန်အသင်းသားဝင်ကြေးအလှူငွေများနှင့် ငွေပဒေသာပင်လှူဒါန်းငွေတို့ကို သက်ဆိုင်ရာငွေစာရင်းခေါင်းစဉ်အသီးသီးသို့ထည့်သွင်း၍ နေ့စဉ်ဘဏ်သို့ အပ်နှံနိုင်ရန် စီမံဆောင်ရွက်ရမည်။
  • (ခ)    အသုံးစရိတ်ငွေများသုံးစွဲနိုင်ရန်အတွက် ဘဏ္ဍာရေးမှူးမှ အသေးစိတ်စိစစ်ပြီး အတွင်းရေး မှူးထံမှတဆင့် ဥက္ကဌထံ တင်ပြရမည်။
  • (ဂ)    ဥက္ကဌ၏ခွင့်ပြုချက်ဖြင့် အသုံးစရိတ်များကို ဘဏ်မှထုတ်ယူနိုင်ရန် စီမံကွပ်ကဲဆောင်ရွက် ရမည်။

၇၀။    တွဲဘက်ဘဏ္ဍာရေးမှူးများ၏တာဝန်နှင့်လုပ်ကိုင်ခွင့်များ။    တွဲဘက်ဘဏ္ဍာရေးမှူးများ၏ တာဝန် နှင့်လုပ်ကိုင်ခွင့်များကိုအောက်ပါအတိုင်းသတ်မှတ်သည်-

  • (က)    ဘဏ္ဍာရေးမှူး၏တာဝန်များကို ပံ့ပိုးကူညီဆောင်ရွက်ရမည်။
  • (ခ)    ဘဏ္ဍားရေးမှူးသည် ယာယီအားဖြင့်မိမိတာဝန်များကိုမထမ်းဆောင်နိုင်သောအခါ ဥက္ကဌ ၏တာဝန်ပေးချက်အရ အတွင်းရေးမှူး၏တာဝန်ကို ယာယီလွှဲပြောင်း/လက်ခံဆောင်ရွက် ရမည်။

၇၁။    စာရင်းစစ်များ(ငွေစာရင်း)၏တာဝန်နှင့်လုပ်ကိုင်ခွင့်များ။    စာရင်းစစ်များ(ငွေစာရင်း)၏ တာဝန် နှင့်လုပ်ကိုင်ခွင့်များကို အောက်ပါအတိုင်းသတ်မှတ်သည်-

  • (က)    အသင်း၏ငွေစာရင်းများကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ လစဉ်ပုံမှန်စစ်ဆေးရမည်။
  • (ခ)    စစ်ဆေးတွေ့ရှိချက်များကို လစဉ်ပုံမှန်အစည်းအဝေးသို့ တင်ပြရမည်။
  • (ဂ)    လစဉ်စစ်ဆေးချက်များကိုအခြေခံ၍ နှစ်ချုပ်အစီရင်ခံစာ ထုတ်ပြန်ရမည်။

၇၂။    စာရင်းစစ်များ(ပစ္စည်း)၏တာဝန်နှင့်လုပ်ကိုင်ခွင့်များ။        စာရင်းစစ်များ(ပစ္စည်း)၏ တာဝန်နှင့် လုပ်ကိုင်ခွင့်များကို အောက်ပါအတိုင်းသတ်မှတ်သည်-

  • (က)    အသင်းပိုင်ပစ္စည်းများကို ပစ္စည်းစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်ကို လစဉ်ပုံမှန်အစည်းအဝေးသို့တင်ပြရမည်။ 
  • (ခ)    လစဉ်စစ်ဆေးချက်များကိုအခြေခံ၍ နှစ်ချုပ်အစီရင်ခံစာတွင်ထည့်သွင်းနိုင်ရန် စာရင်းစစ် (ငွေစာရင်း)သို့ မတ္တူတစ်စုံကို သတ်မှတ်ကာလအတွင်းပေးပို့ရမည်။

၇၃။    အလုပ်အမှုဆောင်အဖွဲ့ဝင်များ၏တာဝန်နှင့်လုပ်ကိုင်ခွင့်များ။      အလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ တာဝန်နှင့်လုပ်ကိုင်ခွင့်များကို အောက်ပါအတိုင်းသတ်မှတ်သည်-

  • (က)    အသင်း၏လုပ်ငန်းအားလုံးတိုးတက်အောင်မြင်ရေးအတွက် ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ၊ စာရင်းစစ်အဖွဲ့များနှင့်တွဲဘက်၍ တာဝန်ယူဆောင်ရွက်ရမည်။
  • (ခ)    အစည်းအဝေးများကျင်းပရာတွင် ဥက္ကများ၊ အတွင်းရေးမှူးများနှင့်တွဲဘက်၍ တာဝန်ယူ ဆောင်ရွက်ရမည်။
  • (ဂ)    အထောက်အကူပြုကော်မတီအသီးသီးတွင်ပါဝင်ပြီး အသင်းတိုးတက်အောင်မြင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရမည်။

ဖွဲ့စည့်းပုံစည်းမျဉ်းကိုဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း၊ ပြင်ဆင်ခြင်း

၇၄။    ဤဖွဲ့စည်းပုံစည်းမျဉ်းကို အောက်ပါအခြေအနေများအရ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း၊ ပြင်ဆင်ခြင်း များ ဆောင်ရွက်နိုင်သည်-

  • (က)    အချိန်အခါ ကာလဒေသအရလည်းကောင်း။
  • (ခ)    ရေ၊မြေ၊ရာသီဥတု သဘာဝအနေအထားအရလည်းကောင်း။
  • (ဂ)    နိုင်ငံတော်အစိုးရအဖွဲ့၏ အုပ်ချုပ်မှုအရသော်လည်းကောင်း။
  • (ဃ)    နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး၊ အထူးသင်းလုံးကျွတ်အစည်းအဝေးများတွင် ဖွဲ့စည်းပုံစည်းမျဉ်းမ ဖြည့်စွက်၊နှုတ်ပယ်၊ ပြင်ဆင်လိုသောအချက်များရှိပါက ကြောင်းကျိုး ပြည့်စုံစွာဖော်ပြပြီး တင်ပြတောင်းဆိုလျှင် အသင်းသား (၅၁%) ကျော်တက်ရောက်၍ အထမြောက်သောအစည်းအဝေးများမှ တက်ရောက်လာကြသူ (၆၀%) တို့က ထောက်ခံ လျှင် ဖွဲ့စည်းပုံစည်းမျဉ်းကို ဖြည့်စွက်ခြင်း၊နှုတ်ပယ်ခြင်း၊ပြင်ဆင်ခြင်းများ ဆောင်ရွက်ခွင့် ရှိသည်။

မေတ္တာရှင်ပညာရေး ဖောင်ဒေးရှင်း (တောင်ကြီး)၏ လုပ်ငန်းတာဝန်များနှင့် လုပ်ဆောင်ချက်များ

၇၅။    မေတ္တာရှင်ပညာရေးဖောင်ဒေးရှင်း(တောင်ကြီး)မှ အောက်ပါတက္ကသိုလ်တစ်ခုခုတွင်ချို့တဲ့နွမ်းပါး၍ ပညာသင်ကြားရန်မပြည့်စုံသော ကျောင်းသား/ကျောင်းသူများအား ကျောင်းပြီးမြောက်သည့်တိုင်အောင် နှစ်စဉ်ပညာသင်စရိတ်ထောက်ပံ့ပေးလျက်ရှိပါသည်-

  • (က)    ဆေးတက္ကသိုလ်။
  • (ခ)    သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်။
  • (ဂ)    သူနာပြုတက္ကသိုလ်။
  • (ဃ)    ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်။
  • (င)    ပညာရေးတက္ကသိုလ်။

၇၆။    ၂၀၁၆ ခုနှစ်အထိ ပညာသင်ထောက်ပံ့ပေးမှုအခြေအနေများမှာ-

  • (က)    မကွေးဆေးတက္ကသိုလ်        ကျောင်းသား/ကျောင်းသူ        (၁၃) ဦး
  • (ခ)    မန္တလေးဆေးတက္ကသိုလ်        ကျောင်းသား/ကျောင်းသူ        (၁) ဦး
  • (ဂ)    တောင်ကြီးဆေးတက္ကသိုလ်    ကျောင်းသား/ကျောင်းသူ        (၁) ဦး
  • (ဃ)    မန္တလေးသူနာပြုတက္ကသိုလ်    ကျောင်းသား/ကျောင်းသူ        (၁) ဦး နှင့်
  • (င)    မန္တလေးဆေးဘက်ဆိုင်ရာ    ကျောင်းသား/ကျောင်းသူ        (၁) ဦးတို့ဖြစ်ပါသည်။
            နည်းပညာတက္ကသိုလ်

၇၇။    ထို့အပြင် မူလတန်း/အလယ်တန်း/အထက်တန်းကျောင်းများမှ ကျောင်းသူ/ကျောင်းသားများအား စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းလျက်ရှိပါသည်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အထိ ထောက်ပံ့လှူဒန်း မှု အခြေအနေမှာအောက်ပါအတိုင်းဖြစ်ပါသည်-

  • (က)    ဗလာစာအုပ်    (၃၁၀၄) ဒါဇင်
  • (ခ)    ပေတံ        (၁၅၀ဝ) ဒါဇင်
  • (ဂ)    ခဲတံ        (၁၅၀ဝ)     ဒါဇင်