• 59539571 164812891190476 7522030564858134528 n
  • DSC 0019
  • banner001
  • banner002
Just open a Bet365 account today and make a deposit http://abonuscode.co.uk Make a deposit of £10-£200 and then enter the 10-digit bonus code

မေတ္တာရှင် နာမှုကူညီရေးအသင်းနှင့် ကုသိုလ်ဖြစ် (အခမဲ့)ဆေးခန်း (တောင်ကြီး) ၏ ရည်ရွယ်ချက်

မေတ္တာရှင် နာမှုကူညီရေးအသင်း၏ ရည်ရွယ်ချက်

မေတ္တာရှင် နာမှုကူညီရေးအသင်း (တောင်ကြီး) ၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  1. မေတ္တာရှင် နာမှုကူညီရေးအသင်းသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာ မခွဲခြားဘဲ မည်သည့်ပုဂ္ဂုလ်၊ မည်သည့်အဖွဲ့အစည်းများကမဆို ဖော်ပြပါနာရေးကိစ္စများအတွက် အကူအညီ တောင်းခံလာပါ က အသင်း၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ (အခမဲ့) ကူညီဆောင်ရွက်ပေးရန်-
    1. အသုဘပို့ဆောင်ပေးခြင်းကိစ္စ။
    2. ပိုင်ရှင်မဲ့အလောင်းများသဂြိုလ်ပေးခြင်းကိစ္စ။
    3. ရပ်ဝေး၌သေဆုံးသူများအား ပြန်လည်သယ်ယူပေးခြင်းကိစ္စ။
    4. ရပ်ဝေးမှလာရောက်သေဆုံးသူများအား နေရပ်သို့ပို့ဆောင်ပေးခြင်းကိစ္စ။
    5. သဂြိုလ်စရိတ်မတတ်နိုင်သောဆင်းရဲနွမ်းပါးသူများ၏နာရေးကိစ္စအတွက် သက်ပျောက်ဆွမ်းသွပ်တရားနာသည်မှစ၍ရက်လည်ဆွမ်းသွပ်တရားနာသည့် ကိစ္စပြီးဆုံးသည်အထိ ကူညီဆောင်ရွက်ပေးရန်နှင့် အလုပ်အမှုဆောင်အဖွဲ့၏ အစည်းဝေးဆုံးဖြတ်ချက်နှင့်အညီ ငွေကြေးထောက်ပံ့ပေးခြင်းကိစ္စ။
  2. နာရေးရှင် မိသားစုမှ အသင်းရေရှည် တည်တံ့ခိုင်မြဲစေရန်နှင့် ရံပုံငွေ တောင့်တင်းခိုင်မာစေရန် ရည်ရွယ်၍ စေတနာအလျှောက် လှူဒါန်းသော အလှူငွေများကို ငွေရပြေစာဖြင့် စနစ်တကျ လက်ခံရန်။

ကုသိုလ်ဖြစ် (အခမဲ့)ဆေးခန်း၏ ရည်ရွယ်ချက်

မေတ္တာရှင်ကုသိုလ်ဖြစ် (အခမဲ့) ဆေးခန်း၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  1. မေတ္တာရှင်ကုသိုလ်ဖြစ် (အခမဲ့) ဆေးခန်းသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာ မခွဲခြားဘဲ ဆေးခန်းသို့ လာရောက်ပြသသော ဖော်ပြပါ လူနာများအား (အခမဲ့)ဆေးကုသပေးရန်နှင့် လိုအပ်ပါက ခွဲစိတ်ကုသပေးရန်-
    1. ထွေထွေဖျားနာရောဂါလူနာများ။
    2. နှလုံးရောဂါလူနာများ။
    3. မွေးရာပါနှုတ်ခမ်းကွဲ/အာခေါင်ကွဲလူနာများ။
    4. မျက်စိလူနာများ။
    5. နား၊နှာခေါင်း၊လည်ချောင်းရောဂါလူနာများ။
    6. မီးယပ်နှင့်သားဖွားလူနာများ။
    7. ကလေးလူနာများ။
    8. သွားနှင့်ခံတွင်းလူနာများ။
  2. ဆင်းရဲနွမ်းပါးသဖြင့် ဆေးရုံသို့တက်ရောက်၍ ဆေးမကုနိုင်သော လူနာများအား အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ ဆေးကုသစရိတ် ထောက်ပံ့ပေးရန်။
  3. ကုသိုလ်ဖြစ် (အခမဲ့)ဆေးခန်းမှတစ်ဆင့် အဆင့်မြင့်သော ကုသိုလ်ဖြစ် (အခမဲ့) အထွေထွေ ရောဂါကုဆေးရုံ တည်ဆောက်သွားရန်။
  4. ကုသိုလ်ဖြစ် (အခမဲ့) အထွေထွေရောဂါကု ဆေးရုံတည်ဆောက်ပြီးပါက အထွေထွေရောဂါ လူနာများအား အပြင်လူနာ/ အတွင်းလူနာအဖြစ် လက်ခံ၍ ဆေးဝါးကုသရန်။
  5. မေတ္တာရှင် ကုသိုလ်ဖြစ် (အခမဲ့)ဆေးခန်း၊ ဆေးရုံ ရေရှည်တည်တန့်ခိုင်မြဲစေရန်နှင့် ရံပုံငွေ တောင့်တင်း ခိုင်မာစေရန်ရည်ရွယ်၍ စေတနာအလျှောက် လှူဒါန်းသော အလှူငွေများကို ငွေရပြေစာဖြင့် စနစ်တကျလက်ခံရန်။