Just open a Bet365 account today and make a deposit http://abonuscode.co.uk Make a deposit of £10-£200 and then enter the 10-digit bonus code
အသင်းဖွဲ့စည်းခြင်း
မေတ္တာရှင်အသင်း (တောင်ကြီး) ၏ လုပ်ငန်းများကို စိတ်ပါဝင်စားသူများနှင့် ဖွဲ့စည်းရမည်။ အသင်း၏လုပ်ငန်းများကို အောက်ပါ အဖွဲ့အစည်းများဖြင့် စီမံခန့်ခွဲ ဆောင်ရွက်ရမည် -
- သြဝါဒစရိယဆရာတော်ကြီးများအဖွဲ့။
- ဦးစီးပဓာန နာယကဆရာတော်။
- နာယကအဖွဲ့။
- အလုပ်အမှုဆောင်အဖွဲ့။
သြဝါဒစရိယ ဆရာတော်ကြီးများအဖွဲ့ ဖွဲ့စည်းခြင်း၊ သက်တမ်းနှင့် သြဝါဒခံယူခြင်း
- သြဝါဒစရိယ ဆရာတော်ကြီးများအဖွဲ့ကို နိုင်ငံတော်နှင့် အများပြည်သူတို့ ကြည်ညိုလေးစားသော ဆရာတော်ကြီးများဖြင့် ဖွဲ့စည်းရမည်။ သြဝါဒစရဆရာတော်ကြီးများအဖွဲ့ကို အဖွဲ့ဝင် (၉) ပါးဖြင့် ဖွဲ့စည်းရမည်။ ထို့အပြင် အချိန်အခါအရ ပြုပြင်ပြောင်းလဲလာသည့် အခြေအနေပေါ်မူတည်၍ သြဝါဒစရိယ ဆရာတော်ကြီးများ အဖွဲ့ကို တိုးချဲ့ ဖွဲ့စည်းနိုင်သည်။
- သြဝါဒစရိယဆရာတော်ကြီးများ၏ သက်တမ်း ကန့်သတ်ချက် မရှိစေရ။ ဆရာတော်ကြီးများ၏ ဆန္ဒ အတိုင်း ဖြစ်စေရမည်။
- သြဝါဒစရိယဆရာတော်ကြီးများထံမှ အနည်းဆုံး (၁)နှစ်လျှင် (၁)ကြိမ် သြဝါခံယူရမည်။ သြဝါဒစရိယ ဆရာတော်ကြီးများ၏ သြဝါဒမိန့်ကြားချက်များကို ဦးစီးပဓာန နာယကဆရာတော်၊ နာယကအဖွဲ့နှင့် အလုပ်အမှု ဆောင်အဖွဲ့က လိုက်နာဆောင်ရွက်ရမည်။
ဦးစီးပဓာန နာယက ဆရာတော်တင်မြောက်ခြင်း၊ သက်တမ်းနှင့် ညွှန်ကြားမှု ပေးခြင်း
- အသင်း၏ လုပ်ငန်းများကို စိတ်ပါဝင်စားပြီး အသင်းတိုးတက် အောင်မြင်ရေးအတွက် အဘက်ဘက်က ကူညီဆောင်ရွက်ပေးလျှက် အနီးကပ် ကြီးကြပ်ပေးနိုင်သော ဆရာတော်အား ဦးစီးပဓာနနာယက ဆရာတော်အဖြစ် တင်မြောက်ရမည်။
- ဦးစီးပဓာန နာယကဆရာတော်၏ သက်တမ်း ကန့်သတ်ချက် မရှိစေရ။ ဆရာတော်၏ ဆန္ဒအတိုင်း ဖြစ်စေရမည်။
- ဦးစီးပဓာန နာယက ဆရာတော်သည် အသင်းတိုးတက် အောင်မြင်စေရေးအတွက် နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့အား မှန်ကန်ကောင်းမွန်သော လမ်းညွှန်ချက်များ ချမှတ်ပေးပြီး ဆောင်ရွက်စေရမည်။
- ဦးစီးပဓာန နာယက ဆရာတော်သည် အလုပ်အမှုဆောင်အဖွဲ့၏ လစဉ်ပုံမှန်အစည်းအဝေး၊ အထူးအ ရေးပေါ် အစည်းအဝေးများနှင့် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးများတွင် တက်ရောက်၍ အသင်း၏လုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် လိုအပ်သည်များကို ညွှန်ကြား တာဝန်ပေးအပ်ရမည်။